၂၀၂၆ ခုနှစ်မှာ ဖင်လန်နိုင်ငံမှာ ကျောင်းတက်ပြီး နေထိုင်ဖို့ ဘယ်လောက်ကုန်ကျနိုင်မလဲ?

၂၀၂၆ ခုနှစ်မှာ ဖင်လန်နိုင်ငံမှာ ကျောင်းတက်ပြီး နေထိုင်ဖို့ ဘယ်လောက်ကုန်ကျမလဲ? ဘဏ်စာရင်းပြသချက်၊ Residence Permit ကြေး၊ နေထိုင်ခန်း၊ အာမခံ၊ သွားလာရေးနဲ့ နေ့စဉ်နေထိုင်စရိတ်တွေအထိ — နိုင်ငံတကာကျောင်းသားတွေအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်အားလုံးကို အဆင့်လိုက် ရှင်းပြထားတဲ့ လမ်းညွှန်တစ်စောင် ဖြစ်ပါတယ်။

How Much Does It Cost To Study And Live In Finland? (2026 Guide)

Table of contents

ဖင်လန်နိုင်ငံဟာ ကမ္ဘာ့အဆင့်မီ ပညာရေးစနစ်၊ လုံခြုံပြီး အရည်အသွေးမြင့်တဲ့ လူနေမှုဘဝနဲ့ “ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ” အဖြစ် ၉ နှစ်ဆက်တိုက် ရပ်တည်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာကျောင်းသားများစွာအတွက် ပညာသင်ကြားဖို့ အိပ်မက်နိုင်ငံတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် “ဖင်လန်မှာ ကျောင်းတက်ဖို့ ဘယ်လောက်ကုန်ကျမလဲ?” ဆိုတာက ကျောင်းသားတွေနဲ့ မိဘတွေ အများဆုံး မေးလေ့ရှိတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။

အမှန်တကယ်တော့ ကုန်ကျစရိတ်ဟာ မိမိရွေးချယ်တဲ့မြို့၊ နေထိုင်မှုပုံစံနဲ့ ကျောင်းပေါ်မူတည်ပြီး ကွာခြားနိုင်ပေမယ့် ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် စီမံခန့်ခွဲနိုင်တဲ့ ပမာဏတစ်ခုဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ ၂၀၂၆ ခုနှစ်အတွက် ဖင်လန်နိုင်ငံမှာ ပညာသင်ယူပြီး နေထိုင်ဖို့ လိုအပ်တဲ့ ကုန်ကျစရိတ်တွေကို အဆင့်လိုက် ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

Residence Permit လျှောက်ထားဖို့ ဘဏ်စာရင်းထဲမှာ ဘယ်လောက်ရှိဖို့လိုလဲ?

ဖင်လန်နိုင်ငံမှာ ကျောင်းတက်ဖို့ Residence Permit လျှောက်တဲ့အခါ ကိုယ့်ရဲ့ နေထိုင်စားသောက်စရိတ်ကို ကိုယ်တိုင်ထောက်ပံ့နိုင်ကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်။

Migri (Finnish Immigration Service) ရဲ့ စည်းမျဉ်းအရ—

  • သင်တန်းကာလ ၁ နှစ်နှင့်အထက်ဖြစ်ပါက ဘဏ်စာရင်းထဲမှာ အနည်းဆုံး ယူရို €9,600 ရှိရပါမယ်။
  • ၁ နှစ်အောက် သင်တန်းများအတွက် တစ်လလျှင် အနည်းဆုံး €800 ရှိဖို့လိုအပ်ပေမယ့် လက်တွေ့အသုံးစရိတ်အတွက် €1,000 ခန့် ပြင်ဆင်ထားတာက ပိုပြီးအဆင်ပြေပါတယ်။

တက္ကသိုလ်က အခမဲ့နေထိုင်ခွင့် ပေးထားရင် လိုအပ်တဲ့ ပမာဏက ပိုလျော့သွားနိုင်ပြီး အစားအသောက်ပါ ပံ့ပိုးပေးမယ်ဆိုရင် တစ်လကို €270 ခန့်သာ လိုအပ်နိုင်ပါတယ်။

Scholarship ရရှိထားသူတွေအတွက်လည်း နေထိုင်စရိတ်အတွက် ပေးအပ်ထားတဲ့ Scholarship ကို ထည့်သွင်းတွက်ချက်နိုင်ပါတယ်။

သတိထားရမယ့်အချက်တစ်ခုကတော့ နေထိုင်စရိတ်အတွက် ပြသထားတဲ့ ငွေကြေးကို ကျောင်းလခပေးဖို့ အသုံးပြုလို့ မရပါဘူး။ Tuition Fee မပေးရသေးဘူးဆိုရင် ကျောင်းလခနဲ့ နေထိုင်စရိတ် နှစ်ခုစလုံးအတွက် လုံလောက်တဲ့ ငွေပမာဏရှိကြောင်း ပြသဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးအာမခံ မဖြစ်မနေလိုအပ်ပါသလား?

အဖြေကတော့ “လိုအပ်ပါတယ်” ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံမှာ ကျောင်းသား Residence Permit ရဖို့အတွက် Private Health Insurance ရှိဖို့ မဖြစ်မနေလိုအပ်ပါတယ်။

  • ကိုယ်တိုင်ကျခံရမယ့် Deductible ပမာဏဟာ €300 ထက် မကျော်ရပါဘူး။
  • အာမခံသက်တမ်းဟာ ဖင်လန်မှာ နေထိုင်မယ့်ကာလတစ်လျှောက်လုံး အကျုံးဝင်ရပါမယ်။
  • ပုံမှန် Travel Insurance တွေကို လက်မခံပါဘူး။
  • ၂ နှစ်အောက် သင်တန်းတွေဆိုရင် ဆေးကုသစရိတ် အနည်းဆုံး €120,000 အထိ အာမခံထားဖို့ လိုအပ်ပြီး၊
  • ၂ နှစ်နဲ့အထက် သင်တန်းတွေအတွက်တော့ အနည်းဆုံး €40,000 အထိ အာမခံထားရပါမယ်။

နောက်ပိုင်း Home Municipality ရရှိလာတဲ့အခါ ဖင်လန်နိုင်ငံရဲ့ Public Healthcare ဝန်ဆောင်မှုတွေကို အသုံးပြုခွင့်ရလာမှာဖြစ်ပြီး Private Insurance လိုအပ်ချက်ကလည်း ပြောင်းလဲသွားနိုင်ပါတယ်။

Residence Permit ကြေး ဘယ်လောက်ကျမလဲ?

  • Online မှတစ်ဆင့် Enter Finland မှ လျှောက်ထားမယ်ဆိုရင် Student Residence Permit အတွက် €600 ကုန်ကျမှာ ဖြစ်ပါတယ်။
  • Paper Application နဲ့ လျှောက်မယ်ဆိုရင်တော့ €750 အထိ ကုန်ကျနိုင်ပါတယ်။

ဒါကြောင့် Online ကနေ လျှောက်ထားတာက ပိုမြန်ဆန်သလို ကုန်ကျစရိတ်လည်း ပိုသက်သာပါတယ်။

 ခန့်မှန်းကုန်ကျစရိတ် – €600 မှ €750

Finnish residence permit cost

ဖင်လန်ကို လေယာဉ်လက်မှတ် ဘယ်လောက်ကုန်ကျနိုင်လဲ?

လေယာဉ်လက်မှတ်ဈေးနှုန်းက မိမိထွက်ခွာမယ့်နိုင်ငံနဲ့ ကြိုတင်ဘွတ်ကင်လုပ်တဲ့အချိန်ပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။

  • အရှေ့တောင်အာရှနိုင်ငံများမှ – €700 မှ €1,200
  • အာဖရိကနိုင်ငံများမှ – €600 မှ €1,100
  • ဥရောပနိုင်ငံများမှ – €100 မှ €400

ဇွန်လမှ ဩဂုတ်လအတွင်းနဲ့ ဒီဇင်ဘာလလို ခရီးသွားရာသီတွေကို ရှောင်ပြီး ကြိုတင်ဝယ်ယူမယ်ဆိုရင် ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချနိုင်ပါတယ်။

 ခန့်မှန်းကုန်ကျစရိတ် – €500 မှ €1,200

 

ဖင်လန်နိုင်ငံမှာ တစ်လဘယ်လောက်ကုန်ကျနိုင်လဲ?

ဖင်လန်နိုင်ငံမှာ ကျောင်းတက်နေတဲ့ ကျောင်းသားအများစုအတွက် နေထိုင်ခန်း၊ အစားအသောက်၊ သွားလာရေးနဲ့ ကိုယ်ပိုင်အသုံးစရိတ်တွေ အပါအဝင် တစ်လကို ပျမ်းမျှ ယူရို €700 မှ €1,200 ဝန်းကျင်အထိ ကုန်ကျလေ့ရှိပါတယ်။

တကယ်ကုန်ကျမယ့် ပမာဏကတော့ ကိုယ်နေမယ့်မြို့၊ နေထိုင်မှုပုံစံနဲ့ ရွေးချယ်တဲ့အိမ်အမျိုးအစားပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။

Helsinki ကတော့ ဖင်လန်နိုင်ငံရဲ့ နေထိုင်စရိတ်အမြင့်ဆုံးမြို့ဖြစ်ပြီး Tampere၊ Turku နဲ့ Oulu တို့လို မြို့တွေမှာတော့ ပိုမိုသက်သာတဲ့ လူနေမှုစရိတ်နဲ့ နေထိုင်နိုင်ပါတယ်။

ကျောင်းသားတစ်ယောက်အနေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ကျောင်းသားစားသောက်ဆိုင်တွေ၊ Gym နဲ့ အပန်းဖြေဝန်ဆောင်မှုတွေမှာ အထူးလျှော့စျေးတွေ ရရှိနိုင်ပါတယ်။ အစားအသောက်နဲ့ နေ့စဉ်လိုအပ်တာတွေ ဝယ်ယူဖို့ဆိုရင် Lidl၊ Prisma နဲ့ Citymarket တို့က ကျောင်းသားတွေအကြား လူကြိုက်များပြီး ဈေးနှုန်းလည်း သက်သာပါတယ်။

တစ်လပျမ်းမျှ နေထိုင်စရိတ် – €700 မှ €1,200

နေထိုင်ခန်းစရိတ် (Accommodation)

နိုင်ငံတကာကျောင်းသားတွေအတွက် လစဉ်ကုန်ကျစရိတ်ထဲမှာ အများဆုံးပါဝင်တာက နေထိုင်ခန်းစရိတ် ဖြစ်ပါတယ်။

ကံကောင်းတာက ဖင်လန်နိုင်ငံမှာ တက္ကသိုလ်မြို့ကြီးတိုင်းမှာ ကျောင်းသားအိမ်ရာအဖွဲ့အစည်း (Student Housing Foundation) တွေ ရှိပြီး ပုံမှန်ဈေးကွက်ထက် သက်သာတဲ့ အခန်းတွေကို ကျောင်းသားတွေအတွက် အထူးစီစဉ်ပေးထားပါတယ်။ ဒါကြောင့် နိုင်ငံတကာကျောင်းသားအများစုအတွက် အကောင်းဆုံးရွေးချယ်မှုလည်း ဖြစ်ပါတယ်။

·         Helsinki: HOAS 

·         Tampere: TOAS / POAS 

·         Turku: TYS 

·         Oulu: PSOAS 

Verified price ranges from official foundation websites (2026): 

City

Shared room

Studio / one-room

Helsinki (HOAS) 

300–450 EUR 

450–600 EUR 

Tampere (TOAS) 

212–410 EUR 

239–590 EUR 

Turku (TYS) 

250–400 EUR 

393–600 EUR 

Oulu (PSOAS) 

250–380 EUR 

430–500 EUR 

ကျောင်းသားအိမ်ရာအများစုမှာ အင်တာနက်၊ ရေဖိုး၊ အပူပေးစနစ်၊ အဝတ်လျှော်ခန်းနဲ့ Sauna အသုံးပြုခွင့်တွေကို အိမ်လခထဲမှာ ထည့်သွင်းပေးထားပြီး ဖြစ်ပါတယ်။

အထူးသဖြင့် Autumn Intake အတွက် အခန်းတွေ အမြန်ပြည့်တတ်တာကြောင့် စောစောလျှောက်ထားဖို့ အကြံပြုပါတယ်။

Private Apartment ငှားမယ်ဆိုရင်တော့ ဈေးနှုန်းက ပိုများနိုင်ပါတယ်။ ဥပမာ Tampere မှာဆိုရင် Private Apartment တွေရဲ့ ဈေးနှုန်းက ကျောင်းသားအိမ်ရာထက် နှစ်ဆလောက်အထိ ကွာခြားနိုင်ပါတယ်။

အိမ်စာချုပ်ချုပ်တဲ့အချိန်မှာ Deposit ပေးရတတ်ပြီး၊ HOAS မှာတော့ အများစုအတွက် Deposit ပေးစရာမလိုပါဘူး။ TOAS၊ TYS နဲ့ PSOAS တို့မှာတော့ အခန်းအမျိုးအစားပေါ် မူတည်ပြီး Deposit ပမာဏ ကွာခြားနိုင်ပါတယ်။

Private Apartment တွေမှာတော့ ပုံမှန်အားဖြင့် အိမ်လခ ၁ လကနေ ၂ လစာအထိ Deposit ပေးရလေ့ရှိပါတယ်။

  • ကျောင်းသားအိမ်ရာ – €300 မှ €500 / လ
  • Private Apartment – €650 မှ €1,400 / လ

ရေ၊ မီး၊ အင်တာနက်စရိတ်

အချို့သော နေထိုင်ခန်းတွေမှာ Utilities မပါဝင်ဘူးဆိုရင် အောက်ပါကုန်ကျစရိတ်တွေကို ထပ်ပြီးတွက်ထားဖို့ လိုပါတယ်။

  • ရေဖိုး – €25 / လ
  • မီးဖိုး – €7 / လ
  • Wi-Fi – €20 / လ

ဒါပေမယ့် ကျောင်းသားအိမ်ရာအများစုမှာတော့ ဒီစရိတ်တွေကို အိမ်လခထဲမှာ ထည့်သွင်းထားပြီးသား ဖြစ်ပါတယ်။ စာချုပ်မချုပ်ခင်မှာ ပါဝင်မှုရှိ၊ မရှိ သေချာစစ်ဆေးဖို့ အရေးကြီးပါတယ်။

 Utilities စရိတ် – €50 ခန့် / လ

သွားလာရေးစရိတ် (Transportation)

ဖင်လန်နိုင်ငံမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်က အရမ်းအဆင်ပြေပြီး ကျောင်းသားတွေအတွက် အထူးလျှော့စျေးတွေလည်း ရရှိနိုင်ပါတယ်။

Helsinki မှာ Bus၊ Tram၊ Metro နဲ့ Local Train တွေကို HSL စနစ်အောက်မှာ အသုံးပြုနိုင်ပြီး ၂၀၂၆ ခုနှစ်အတွက် ရက် ၃၀ ကျောင်းသားကဒ် (AB Zone) တန်ဖိုးက €61.60 ဖြစ်ပါတယ်။

Tampere၊ Turku နဲ့ Oulu တို့လို မြို့တွေမှာတော့ လစဉ်ကဒ်ကို €48 မှ €55 ဝန်းကျင်နဲ့ ဝယ်ယူအသုံးပြုနိုင်ပါတယ်။

တစ်ကြိမ်စာ လက်မှတ်တွေထက် လစဉ်ကဒ်ဝယ်ထားတာက ပိုပြီး အဆင်ပြေပြီး စရိတ်လည်း သက်သာစေပါတယ်။

 သွားလာရေးစရိတ် – €45 မှ €65 / လ

transportation cost in Finland

ကျောင်းသားကျန်းမာရေးကြေး (Student Health Care Fee)

Bachelor’s Degree နဲ့ Master’s Degree တက်နေတဲ့ ကျောင်းသားတွေဟာ Finnish Student Health Service (FSHS) ကို အသုံးပြုနိုင်ဖို့ Kela ကို ကျန်းမာရေးကြေး ပေးဆောင်ရပါတယ်။

၂၀၂၆ ခုနှစ်မှာ Semester တစ်ခုကို €35.35 ပေးဆောင်ရပြီး Spring နဲ့ Autumn Semester နှစ်ကြိမ် ပေးရမှာ ဖြစ်ပါတယ်။

အလိုအလျောက် Bill ပို့ပေးတာမျိုး မရှိတာကြောင့် မိမိကိုယ်တိုင် သတိထားပြီး ပေးဆောင်ဖို့ လိုအပ်ပါတယ်။

 တစ်နှစ်လုံးအတွက် ကျန်းမာရေးကြေး – €70.70 ခန့်

ကျောင်းတက်ရင်း Part-time အလုပ်လုပ်လို့ရလား?

၂၀၂၆ ခုနှစ်အရ နိုင်ငံတကာကျောင်းသားတွေဟာ တစ်ပတ်ကို နာရီ ၃၀ အထိ အလုပ်လုပ်နိုင်ပါတယ်။

အချိန်ပိုင်းအလုပ်တွေရဲ့ လစာကတော့ အလုပ်အမျိုးအစားပေါ် မူတည်ပြီး တစ်နာရီကို €10 မှ €14 ဝန်းကျင် ရရှိနိုင်ပါတယ်။

အများဆုံးတွေ့ရတဲ့ အလုပ်တွေကတော့

  • စားသောက်ဆိုင်လုပ်ငန်း

  • Retail Store များ

  • တက္ကသိုလ်အတွင်း အလုပ်များ

Part-time အလုပ်တွေက နေထိုင်စရိတ်အတွက် အထောက်အကူဖြစ်နိုင်ပေမယ့် ဖင်လန်ကို စတင်ရောက်ရှိချိန်မှာတော့ ပညာရေးကို ဦးစားပေးပြီး အလုပ်ဝင်ငွေတစ်ခုတည်းကို အားထားဖို့ မသင့်တော်ကြောင်း အကြံပြုလိုပါတယ်။

ဖင်လန်နိုင်ငံမှာ သင့်ရဲ့ပညာရေးခရီးစဉ်ကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား?

Edunation ရဲ့ Pathway Program တွေက လျှောက်လွှာတင်တဲ့အချိန်ကစပြီး ဖင်လန်ကို ရောက်ရှိပြီး အခြေချနေထိုင်နိုင်တဲ့အထိ အဆင့်တိုင်းမှာ ပံ့ပိုးကူညီပေးပါတယ်။

Residence Permit လုပ်ငန်းစဉ်၊ နေထိုင်ခန်းရှာဖွေခြင်းနဲ့ ဖင်လန်နိုင်ငံမှာ ဘဝသစ်စတင်ဖို့ လိုအပ်တဲ့အရာအားလုံးကို ကျွန်ုပ်တို့ရဲ့ အကြံပေးအဖွဲ့က ကူညီပေးမှာ ဖြစ်ပါတယ်။

Free and Reliable Counseling Session ရယူပြီး ဖင်လန်နိုင်ငံသို့ သင်၏ပညာရေးခရီးစဉ်ကို ယနေ့ပဲ စတင်လိုက်ပါ။

ဤဆောင်းပါးကို Edunation ၏ Marketing Intern အဖြစ် တာဝန်ထမ်းဆောင်နေပြီး Tampere မြို့တွင် ပညာသင်ကြားနေသော နိုင်ငံတကာကျောင်းသူ Phuong Leng (Jade) မှ ရေးသားပြုစုထားပါသည်။

 Sources 

  • Finnish Immigration Service (Migri). Residence permit fees and income requirements. Read on 25.5.2026 https://migri.fi/en/residence-permit-application-for-studies  
  • PSOAS Northern Finland Student Housing. PSOAS offers rental apartments for students in Oulu. Read on 25.5.2026 https://www.psoas.fi/en/  
  • Student healthcare fee 2026. Read on 25.5.2026 https://www.kela.fi/student-health-care-fee

Latest

From the blog

The latest Study and Live in Europe Tips, Tricks, How-to’s and student experiences

Cleaning Services Education in Finland – What Makes It Different 

In many countries, cleaning is a job you can start without any training. In Finland, it can be a recognized profession...

Food Services Education in Finland: A Practical Route to a Career

A love of food can be more than a hobby. In Finland, it can become a recognized trade, a steady income,...

Finland Through an International Student’s Lens

Finland is often described in headlines — the happiest country, the best education system. But what is it actually like to...