- နိုင်ငံပေါင်း ၄၀ ကျော်မှ ကျောင်းသား၊ ကျောင်းသူ ၆,၀၀၀ ကျော်၏ ယုံကြည်မှုကို ရရှိထားပြီး
Finland နှင့် Europe တွင် ပညာသင်ပြီး အနာဂတ်ကို စတင်လိုက်ပါ
Pathway Program မှစ၍ Degree အထိ Edunation သည် Finland နှင့် နိုင်ငံများတွင် ပညာသင်ကြားလိုသူများအတွက် လွယ်ကူ၊ ကုန်ကျစရိတ်သင့်တင့်ပြီး အနာဂတ်အလုပ်အကိုင်အတွက် အထောက်အကူဖြစ်စေမည့် ပညာရေးလမ်းကြောင်းကို ပံ့ပိုးပေးနေပါသည်။
Edunation အကြောင်း
Edunation သည် ၂၀၁၇ ခုနှစ်မှစတင်၍ ဥရောပတွင် အရည်အ၂၀၁၇ ခုနှစ်မှစ၍ ကျောင်းသားများ၏ ပညာရေးအိပ်မက်များကို အကောင်အထည်ဖော်ပေးလျက်ရှိပါသည်
သွေးမြင့် ပညာရေးကို ရယူလိုသော နိုင်ငံတကာကျောင်းသားများကို ကူညီပေးလာသော ယုံကြည်စိတ်ချရသည့် ပညာရေးဝန်ဆောင်မှုပေးနေသော Education Group ဖြစ်ပါသည်။ ကျောင်းရွေးချယ်ခြင်း၊ လျှောက်လွှာတင်ခြင်းမှစ၍ ဘွဲ့ရရှိသည်အထိ အဆင့်တိုင်းတွင် ကျောင်းသားများနှင့်အတူ လက်တွဲကူညီပေးပြီး၊ ရှုပ်ထွေးသော လျှောက်ထားမှုလုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေရန် ပံ့ပိုးပေးလျက်ရှိပါသည်။
Edunation သည် Keystone Group ၏ အဖွဲ့ဝင်ဖြစ်ပြီး၊ နှစ်စဉ် ကမ္ဘာတစ်ဝန်းမှ ကျောင်းသား သန်း ၁၂၀ ကျော် ဝင်ရောက်အသုံးပြုသည့် ကမ္ဘာလုံးဆိုင်ရာ ပညာရေးကွန်ရက်၏ အတွေ့အကြုံနှင့် အရင်းအမြစ်များကို ကျောင်းသားများအတွက် ယူဆောင်ပေးလျက်ရှိပါသည်။
၆,၀၀၀+
ကျောင်းသားများကို အောင်မြင်စွာ ကူညီပေးခဲ့သည်
၄၀+
Nationalities
၉၈%
ကျောင်းသားများ၏ စိတ်ကျေနပ်မှု
၂၀၁၇ ခုနှစ်မှစတင်၍
နိုင်ငံတကာကျောင်းသားများကို ကူညီပေးလျက်ရှိသည်
Edunation's Pathway Program
Europe ရှိ Bachelor's နှင့် Master's ဘွဲ့အစီအစဉ်များသို့ ဝင်ခွင့်ရရှိရန် အထူးပြင်ဆင်ပေးသော Pathway Program ဖြစ်ပြီး Entrance Exam နှင့် Language Test ထပ်မံဖြေဆိုရန် မလိုအပ်ပါ။
သင့်၏ ပညာရေးခရီးစဉ်
Pathway studies
1 to 2 Semester အတွင်း English၊ Academic Skills နှင့် သက်ဆိုင်ရာ ဘာသာရပ်များကို Study Hub သို့မဟုတ် Online မှတစ်ဆင့် အဆင်ပြေစွာ သင်ယူနိုင်ပါသည်။
Degree studies
သင်ရွေးချယ်ထားသော Bachelor's သို့မဟုတ် Master's Program သို့ အာမခံဝင်ခွင့်ဖြင့် ဆက်လက်ပညာသင်ယူနိုင်ပါသည်။
Career in Europe
ဘွဲ့ရပြီးနောက် ဥရောပတွင် အလုပ်ရှာဖွေရန် ၂၄ လအထိ နေထိုင်နိုင်ပါသည်။
Pathway program at a glance
100% Online
အင်တာနက်ရှိရုံဖြင့် နေရာမရွေး သင်ယူနိုင်ပါသည်။
Study Hub
Finlandနိုင်ငံတွင် Campus တက်ရောက်ကာ ဥရောပကျောင်းသားဘဝကို အပြည့်အဝ ခံစားနိုင်ပါသည်။
30 ECTS
တက္ကသိုလ် Semester တစ်ခုစာနှင့် ညီမျှပါသည်။
Guaranteed entry
Finland သို့မဟုတ် Ireland ရှိ မိတ်ဖက်တက္ကသိုလ်များသို့ အာမခံဝင်ခွင့် ရရှိနိုင်ပါသည်။
မိမိနှင့် အသင့်တော်ဆုံး သင်ယူမှုပုံစံကို ရွေးချယ်ပါ
Pathway Program ကို မိမိ၏ နေရပ်နိုင်ငံမှ Online Studies ဖြင့် သင်ယူနိုင်သလို၊ Study Hub ကို ရွေးချယ်၍ Finland နိုင်ငံတွင် ပညာသင်ကြားရင်း Pathway Program ၏ အစိတ်အပိုင်းတစ်ရပ်ကို ပြီးမြောက်အောင်လည်း သင်ယူနိုင်ပါသည်။
Pathway to Europe
Online Studies
€3,300 – €4,400
မိမိ၏ နေရပ်မှပင် စတင်သင်ယူနိုင်ပြီး၊ ကမ္ဘာ့မည်သည့်နေရာတွင်မဆို မိမိ၏ အချိန်ဇယားနှင့်အညီ အဆင်ပြေစွာ လေ့လာသင်ယူနိုင်သည့် Pathway Program ဖြစ်ပါသည်။
အစီအစဉ်တွင် ပါဝင်သည့် အကျိုးကျေးဇူးများ
- 100% Online Studies ဖြင့် အချိန်နှင့် နေရာအကန့်အသတ်မရှိ သင်ယူနိုင်ပါသည်။
- တက္ကသိုလ်ပညာရေးအတွက် လိုအပ်သော Academic Skills နှင့် English Language Skills ကို စနစ်တကျ မြှင့်တင်ပေးပါသည်။
- Pathway Program အတွက် သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်း အပြည့်အစုံ ကို သင်ယူရရှိနိုင်ပါသည်။
- Entrance Examination ဖြေဆိုရန် မလိုအပ်ပါ။
- အင်တာနက်ချိတ်ဆက်မှုရှိသည့် မည်သည့်နေရာမှမဆို အလွယ်တကူ သင်ယူနိုင်ပါသည်။
- Pathway Program ကို အောင်မြင်စွာ ပြီးမြောက်ပါက မိမိရွေးချယ်ထားသော ဖင်လန် သို့မဟုတ် ဥရောပရှိ မိတ်ဖက်တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်ခွင့်ကို အာမခံပေးထားပါသည်။
- Application လက်ခံမည့် နောက်ဆုံးရက်
၂၇ ဒီဇင်ဘာ ၂၀၂၆ (January 2027 intake)
ထပ်မံသိရှိသင့်သော အချက်အလက်များ
ကျွန်ုပ်တို့၏ သင်ကြားရေးအစီအစဉ်များကို Interactive Online Learning Platform မှတစ်ဆင့် သင်ယူရမည်ဖြစ်ပြီး၊ ထို့အပြင် (Weekdays) တွင် Zoom မှတစ်ဆင့် တိုက်ရိုက် (Live) သင်ကြားပို့ချမှုများကိုလည်း ပုံမှန်တက်ရောက်ရမည်ဖြစ်ပါသည်။
Online Program ရွေးချယ်နိုင်သော အစီအစဉ်များ
- Standard Pathway, full-time studies (30 ECTS, 1 semester)
- Standard Pathway, part-time studies (30 ECTS, 2 semesters)
Program Fees
- Standard Pathway, full-time studies:
- Bachelor’s Business & Nursing Tracks: 3600 EUR
- Bachelor’s Engineering Track: 3300 EUR
- Master’s track: 4,400 EUR
- Standard Pathway, part-time studies (Bachelor’s): 4000 EUR
Pathway to Europe
€4,900
Finland နိုင်ငံတွင် ကျောင်းသားဘဝကို အပြည့်အဝ တွေ့ကြုံခံစားနိုင်မည့် အစီအစဉ် ဖြစ်ပါသည်။ Campus တွင် တိုက်ရိုက်ပညာသင်ကြားနိုင်ပြီး၊ နိုင်ငံတကာကျောင်းသားများနှင့် ချိတ်ဆက်ဆက်ဆံရေး တည်ဆောက်ကာ Finland နိုင်ငံ၏ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင်သစ်တွင် အဆင်ပြေစွာ လိုက်လျောညီထွေ နေထိုင်နိုင်ရန် အထောက်အကူပြုပေးပါသည်။
Online Studies တွင် ပါဝင်သည့် အကျိုးကျေးဇူးများအပြင်
- Hybrid Learning System (Online နှင့် Campus တွင် ပေါင်းစပ်သင်ယူခြင်း)
- Personal Tutor ၏ တစ်ဦးချင်း လမ်းညွှန်ပံ့ပိုးမှု
- Finland နိုင်ငံ၏ ယဉ်ကျေးမှုနှင့် လူမှုဘဝကို လက်တွေ့လေ့လာခွင့်
- နိုင်ငံပေါင်းစုံမှ ကျောင်းသားများနှင့် ချိတ်ဆက်နိုင်သော Global Student Community
- Soft Skills များဖြစ်သည့် ဆက်သွယ်ပြောဆိုမှု (Communication)၊ အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မှု (Teamwork) စသည့် အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးပေးခြင်း
- အလုပ်အကိုင်နှင့် လုပ်ငန်းခွင်အတွက် လိုအပ်သော အရည်အချင်းများကို ကြိုတင်ပြင်ဆင်ပေးခြင်း
- Finland နိုင်ငံတွင် နေထိုင်မှုနှင့် လေ့လာမှုအတွက် လမ်းညွှန်ပံ့ပိုးမှုများ
- ဟယ်လ်စင်ကီ (Helsinki) ရှိ Campus အသစ် ကို အသုံးပြုသင်ယူခွင့်
- Application လက်ခံမည့် နောက်ဆုံးရက်
၂၇ စက်တင်ဘာ ၂၀၂၆ (January 2027 intake)
ထပ်မံသိရှိသင့်သော အချက်အလက်များ
ကျွန်ုပ်တို့၏ Study Hub သည် Finland နိုင်ငံ၊ Helsinki မြို့ရှိ Metropolia University of Applied Sciences – Myllypuro Campus တွင် တည်ရှိပါသည်။
ဤအစီအစဉ်ကို အောက်ပါ Full-time Program ကို တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်ပေးထားပါသည်။
- Standard Pathway, full-time studies (30 ECTS)
Program Fees:
- Standard Pathway, full-time studies (All tracks): 4900 EUR
သိအောင်လုပ်ပါ။
Our Education Counselor
Programs များအကြောင်း သိရှိလိုပါက Burmese Speaker (ပညာရေးအတိုင်ပင်ခံ) နှင့် အခမဲ့ ဆွေးနွေးတိုင်ပင်ရန် ယနေ့ပဲ ရက်ချိန်းယူလိုက်ပါ။
ကျွန်ုပ်တို့၏ ပညာရေးအစီအစဉ်များကို လေ့လာပါ
ဥရောပတွင် ပညာသင်ကြားရန် သင့်အတွက် အသင့်တော်ဆုံး အစီအစဉ်ကို ရွေးချယ်လိုက်ပါ။
Pathway to Finland
Finland နိုင်ငံတွင် ဘွဲ့ဒီဂရီပညာရေး ဆက်လက်သင်ယူပြီး အနာဂတ်အလုပ်အကိုင်အတွက် အခွင့်အလမ်းများ ဖန်တီးနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။
ထပ်မံသိရှိသင့်သော အချက်အလက်များ
30 ECTS (၁ မှ ၂ Semester) ပါဝင်သော ကြိုတင်ပြင်ဆင်ရေးအစီအစဉ်ကို Online သို့မဟုတ် Helsinki Study Hub တွင် သင်ယူနိုင်ပါသည်။ အစီအစဉ်ပြီးဆုံးပါက Edunation ၏ ဖင်လန်မိတ်ဖက်တက္ကသိုလ်များတွင် Bachelor’s သို့မဟုတ် Master’s Degree ကို ဆက်လက်တက်ရောက်နိုင်ပါသည်။ ဝင်ခွင့်စာမေးပွဲနှင့် ဘာသာစကားစာမေးပွဲ ထပ်မံဖြေဆိုရန် မလိုအပ်ပါ။
Pathway to Vocational in Germany
ဂျာမနီနိုင်ငံ၏ Ausbildung (Dual Vocational Training) ကို တက်ရောက်ရန် ကြိုတင်ပြင်ဆင်ပေးသည့် အစီအစဉ်ဖြစ်ပါသည်။
ထပ်မံသိရှိသင့်သော အချက်အလက်များ
၉ မှ ၁၂ လကြာ Online Program ဖြစ်ပြီး Hospitality & Culinary သို့မဟုတ် Nursing & Healthcare ကို ရွေးချယ်သင်ယူနိုင်ပါသည်။ German Language ကို B2 Level အထိ သင်ကြားပေးပြီး လက်တွေ့အလုပ်သင်၊ လစဉ်ထောက်ပံ့ကြေးနှင့် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားနိုင်မည့် အခွင့်အရေးများလည်း ရရှိနိုင်ပါသည်။
Pathway to Germany
ဂျာမနီနိုင်ငံရှိ Vocational၊ Bachelor's သို့မဟုတ် Master's Degree Program များအတွက် ကြိုတင်ပြင်ဆင်ပေးသည့် အစီအစဉ်ဖြစ်ပါသည်။
ထပ်မံသိရှိသင့်သော အချက်အလက်များ
ကျောင်းလခမရှိသော သို့မဟုတ် ကျောင်းလခသက်သာသော တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရန် ပြင်ဆင်ပေးပြီး Guaranteed Offer၊ Conditional Acceptance (၃ ခု)၊ German Language B1 Level၊ ဘွဲ့ရပြီးနောက် ၁၈ လအထိ အလုပ်ရှာဖွေခွင့်နှင့် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားနိုင်သည့် အခွင့်အရေးများ ပါဝင်ပါသည်။
Pathway to Austria
ဩစတြီးယားနိုင်ငံတွင် အဆင့်မြင့်ပညာရေးကို သက်သာသောကုန်ကျစရိတ်ဖြင့် သင်ယူနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။
ထပ်မံသိရှိသင့်သော အချက်အလက်များ
FH Upper Austria တွင် Semester တစ်ခုလျှင် ခန့်မှန်းခြေ €727 ဖြင့် တက်ရောက်နိုင်ပါသည်။ Guaranteed Offer၊ Conditional Acceptance (၃ ခု)၊ German Language B1 Level၊ ၁၂ လ Job-Seeking Visa နှင့် Red-White-Red Card ဖြင့် အလုပ်လုပ်ကိုင်နိုင်သည့် လမ်းကြောင်းများ ပါဝင်ပါသည်။
Pathway to Ireland
အိုင်ယာလန်နိုင်ငံရှိ American College Dublin တွင် ဘွဲ့ဒီဂရီကို ဆက်လက်သင်ယူနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။
ထပ်မံသိရှိသင့်သော အချက်အလက်များ
American College Dublin သို့ ဝင်ခွင့်အာမခံရရှိနိုင်ပြီး ဝင်ခွင့်စာမေးပွဲ၊ အင်တာဗျူးနှင့် English Test ထပ်မံဖြေဆိုရန် မလိုအပ်ပါ။ ထို့အပြင် ကျောင်းလခ ၁၀% လျှော့စျေး ကိုလည်း ရရှိနိုင်ပါသည်။
European Vocational Qualifications
ဥရောပတွင် အသိအမှတ်ပြုထားသော Vocational Qualification ကို ရရှိနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။
ထပ်မံသိရှိသင့်သော အချက်အလက်များ
Edunation ၏ Vocational Program နှင့် Top-up Program များမှတစ်ဆင့် လက်တွေ့ကျွမ်းကျင်မှုများကို ရရှိပြီး နိုင်ငံတကာအလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ပါသည်။
Regular Admission
ဥရောပတက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားလိုသူများအတွက် ဝန်ဆောင်မှုဖြစ်ပါသည်။
ထပ်မံသိရှိသင့်သော အချက်အလက်များ
Edunation မှ သင့်၏ စာရွက်စာတမ်းများကို စစ်ဆေးပေးခြင်း၊ ပြင်ဆင်ပေးခြင်းနှင့် တက္ကသိုလ်သို့ လျှောက်ထားပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး လုပ်ငန်းစဉ်တစ်လျှောက် လမ်းညွှန်ပေးပါသည်။
English Language Course
Finland နိုင်ငံတွင် ပညာသင်ကြားရန်နှင့် အလုပ်လုပ်ရန် လိုအပ်သော English Language Skills ကို မြှင့်တင်ပေးသည့် သင်တန်းဖြစ်ပါသည်။
ထပ်မံသိရှိသင့်သော အချက်အလက်များ
၈ ပတ်ကြာ Online Course ဖြစ်ပြီး IELTS ကို အခြေခံ၍ Reading၊ Writing၊ Speaking နှင့် Listening Skills များကို လေ့ကျင့်ပေးပါသည်။ IELTS Band Score 4.5–5.5 မှ 6.0–7.0 အထိ တိုးတက်စေရန် ရည်ရွယ်ထားပါသည်။
Finnish Language Course
Native Finnish Teacher များ သင်ကြားပေးသော ၁၆ ပတ်ကြာ Online Course ဖြစ်ပါသည်။
ထပ်မံသိရှိသင့်သော အချက်အလက်များ
Finnish Language ကို A0 မှ A2.1 Level အထိ သင်ယူနိုင်ပြီး YKI Exam အတွက်လည်း ကြိုတင်ပြင်ဆင်ပေးပါသည်။ ဖင်လန်နိုင်ငံတွင် နေထိုင်ခြင်း၊ ပညာသင်ကြားခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းအတွက် အထောက်အကူဖြစ်စေပါသည်။
နောက်ဆုံးရ သတင်းနှင့် ဆောင်းပါးများ
ဥရောပတွင် ပညာသင်ကြားခြင်းနှင့် နေထိုင်ခြင်းအတွက် အသုံးဝင်သော အကြံပြုချက်များ၊ လမ်းညွှန်များနှင့် ကျောင်းသားများ၏ အတွေ့အကြုံများကို ဖတ်ရှုနိုင်ပါသည်။
၂၀၂၆ ခုနှစ်မှာ ဖင်လန်နိုင်ငံမှာ ကျောင်းတက်ပြီး နေထိုင်ဖို့ ဘယ်လောက်ကုန်ကျနိုင်မလဲ?
အမေးများသော မေးခွန်းများ (FAQ)
အထွေထွေလျှောက်လွှာလုပ်ငန်းစဉ်
ဘွဲ့လက်မှတ် မရသေးရင် လျှောက်ထားလို့ရနိုင်ပါသလား။
ရနိုင်ပါသည်။ ဒါပေမယ့် Finland တွင် ပညာသင်ကြားမှု မစတင်ခင် ဘွဲ့လက်မှတ်ကို ရရှိထားရပါမည်။ အချို့တက္ကသိုလ်များတွင် လျှောက်ထားစဉ်ကတည်းက လိုအပ်နိုင်သောကြောင့် သက်ဆိုင်ရာ တက္ကသိုလ်၏ သတ်မှတ်ချက်များကို စစ်ဆေးရန် အကြံပြုပါသည်။
Language Certificate မရသေးရင် လျှောက်ထားလို့ရနိုင်ပါသလား။
အချို့သော Program များတွင် Language Certificate မလိုအပ်ပါ။ သို့သော် လျှောက်ထားလိုသော Program ၏ သတ်မှတ်ချက်ကို စစ်ဆေးရန် လိုအပ်ပါသည်။
Language Certificate လိုအပ်သော Program ဖြစ်ပါက လျှောက်လွှာနှင့်အတူ တင်ပြရပါမည်။ မတင်ပြနိုင်သေးပါက လျှောက်လွှာကို လက်ခံထားမည်ဖြစ်သော်လည်း လိုအပ်သောစာရွက်စာတမ်း ပြည့်စုံမှသာ ဆက်လက်ဆောင်ရွက်နိုင်ပါမည်။
ပညာရေးစာရွက်စာတမ်းများကို Official Certification (Attestation) လုပ်ရန် လိုအပ်ပါသလား။
လိုအပ်ပါသည်။ စာရွက်စာတမ်းအားလုံးကို Official Certification ပြုလုပ်ထားရမည်ဖြစ်ပြီး၊ English၊ Finnish သို့မဟုတ် Swedish မဟုတ်သော စာရွက်စာတမ်းများကို ထိုဘာသာစကားများအနက် တစ်ခုဖြင့် တရားဝင် ဘာသာပြန်ထားရပါမည်။
ဥရောပတက္ကသိုလ်များတွင် ဝင်ခွင့်စာမေးပွဲ ဖြေရမလား။
အများအားဖြင့် မလိုအပ်ပါ။ သို့သော် အချို့သောတက္ကသိုလ်များတွင် Online Test သို့မဟုတ် Entrance Exam ဖြေဆိုရန် သတ်မှတ်ထားနိုင်ပါသည်။
အနည်းဆုံး GPA သတ်မှတ်ချက် ရှိပါသလား။
GPA သတ်မှတ်ချက်သည် တက္ကသိုလ်နှင့် Program ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ ထို့ကြောင့် လျှောက်ထားလိုသော တက္ကသိုလ်၏ ဝင်ခွင့်သတ်မှတ်ချက်များကို ကြိုတင်စစ်ဆေးရန် အကြံပြုပါသည်။
ယနေ့ သင်၏ လေ့လာရေးခရီးကို စတင်လိုက်ပါ။
၎င်းတို့၏ဥရောပပညာရေးအတွက် ပထမဆုံးခြေလှမ်းအဖြစ် ထောင်နှင့်ချီသောကျောင်းသားများနှင့် ပူးပေါင်းပါ။
- အခမဲ့ တိုင်ပင်ဆွေးနွေးခြင်း။
- ကတိကဝတ် မလိုအပ်ပါ။
- ကျွမ်းကျင်သောလမ်းညွှန်မှု